Your trial period has ended!
For full access to functionality, please pay for a premium subscription
CH
Channel age
Created
Language
Burmese
-
ER (week)
-
ERR (week)

"ရွှေဂုဏ် ငွေဂုဏ် ရာထူးဂုဏ်သည် လူ့ဘုံလောက အကာမျှတည့် သူက ငြူစူ မကြည်ဖြူက ခွာယူလိုက ခွာ၍ရ။ ရိုးဂုဏ်ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည် လူ့ဘုံလောက နှစ်သာရတည့် သူကငြူစူ မကြည်ဖြူလည်း ခွာယူမရ၊ ကွာမကျ။ -ဆရာဇော်ဂျီ(၁၉၀၇-၁၉၉၀)

Messages Statistics
Reposts and citations
Publication networks
Satellites
Contacts
History
Top categories
Main categories of messages will appear here.
Top mentions
The most frequent mentions of people, organizations and places appear here.
Found 74 results
CH
Moon 's Oasis♡︎
1 358 subscribers
181
ကျောခိုင်းပါ

မိမိကို အထင်သေးနှိမ့်ချဆက်ဆံတတ်သူတွေကို ကျောခိုင်းပါ။

မနိုင်တဲ့ တိုက်ပွဲတွေကို အချိန်ကုန်၊ အင်အားကုန်ခံပြီး မပြိုင်ဘဲ ကျောခိုင်းပါ။

ညှိနှိုင်းလို့မရတဲ့ အဆိပ်သင့်နေတဲ့ relationship ကိုကျောခိုင်းပါ။

မိမိတန်ဖိုးကိုမမြင်တတ်တဲ့သူတွေကို ကျောခိုင်းပါ။

မိမိကိုယ်ကိုချစ်ရင် မိမိအတွက်မဟုတ်ဘူးလို့ ထင်ရတဲ့အရာတွေကို ကျောခိုင်းခြင်းအားဖြင့် မိမိအတွက် ထိုက်တန်တဲ့အရာတွေဆီကို ပိုနီးစပ်လာပြီး တဖြည်းဖြည်းရောက်လာမှာပါ။

မိမိရဲ့စိတ်နှလုံးကို ညစ်နွမ်းစေမယ့်အရာတွေကို ကျောခိုင်းခြင်းဖြင့် ပိုမိုကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ရမှာပါ။


#Moon
#self_development
#crd
03/21/2025, 16:42
t.me/channel_by_moon161/544
CH
Moon 's Oasis♡︎
1 358 subscribers
229
အချစ်ဆိုတာ
လေးစားမှုကအစပြုတယ်လို့ ခံယူတယ်။

ပညာကိုသော်လည်းကောင်း၊
စိတ်ဓာတ်ကိုသော်လည်းကောင်း၊
လေးစားမိရင်း ချစ်မိသွားတတ်တယ်။


ကိုယ့်အနေနဲ့ လေးစားနိုင်တဲ့အရည်အချင်းမရှိသရွေ့
အဲ့လူကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး။

ကိုယ်လေးစားမိတဲ့သူဆို
ရုပ်ရည်နဲ့လည်းမဆိုင် ငွေကြေးနဲ့လည်းမဆိုင်ဘဲ ကြာလာတဲ့အခါ ချစ်မိသွားနိုင်တာပဲလေ။

ကိုယ့်အတွက်ကတော့
ကိုယ့်ချစ်သူဟာ ကိုယ်လေးစားရတဲ့သူပဲဖြစ်လိမ့်မယ်။

#Moon
#quote
#crd
03/21/2025, 07:44
t.me/channel_by_moon161/542
CH
Moon 's Oasis♡︎
1 358 subscribers
253
Dance with the wave 🌊.
Move with the sea ⛵.
Let the Rhythm of the water set your soul free. 🪘


Wallpaper ထားချင်သူများအတွက် 🫶✨


🌿 Gallery Vibes By M
oon

#Moon
#Wallpapers
03/20/2025, 15:12
t.me/channel_by_moon161/541
CH
Moon 's Oasis♡︎
1 358 subscribers
253
03/20/2025, 15:12
t.me/channel_by_moon161/539
CH
Moon 's Oasis♡︎
1 358 subscribers
253
03/20/2025, 15:12
t.me/channel_by_moon161/537
CH
Moon 's Oasis♡︎
1 358 subscribers
253
03/20/2025, 15:12
t.me/channel_by_moon161/535
CH
Moon 's Oasis♡︎
1 358 subscribers
253
03/20/2025, 15:12
t.me/channel_by_moon161/540
CH
Moon 's Oasis♡︎
1 358 subscribers
253
03/20/2025, 15:12
t.me/channel_by_moon161/538
CH
Moon 's Oasis♡︎
1 358 subscribers
253
03/20/2025, 15:12
t.me/channel_by_moon161/536
CH
Moon 's Oasis♡︎
1 358 subscribers
266
လက်လွှတ်လိုက်ရတာဟာလည်း
ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ။


ထွက်သွားခွင့်ပြုလိုက်တာဟာလည်း ချစ်ခြင်းတစ်မျိုးပါပဲ။


#Moon
#quote
#crd
03/20/2025, 06:17
t.me/channel_by_moon161/534
CH
Moon 's Oasis♡︎
1 358 subscribers
262
03/20/2025, 05:15
t.me/channel_by_moon161/532
CH
Moon 's Oasis♡︎
1 358 subscribers
262
Every morning is a fresh start. Wake up with a thankful heart. 🌿


� Gallery Vibes By Moon

#Moon
#Morning_vibes
03/20/2025, 05:15
t.me/channel_by_moon161/533
CH
Moon 's Oasis♡︎
1 358 subscribers
262
03/20/2025, 05:15
t.me/channel_by_moon161/531
CH
Moon 's Oasis♡︎
1 358 subscribers
262
03/20/2025, 05:15
t.me/channel_by_moon161/530
CH
Moon 's Oasis♡︎
1 358 subscribers
311
03/19/2025, 06:08
t.me/channel_by_moon161/529
CH
Moon 's Oasis♡︎
1 358 subscribers
427
Forest is for rest 🌿


ဒါလေးကြည့်ပြီး ခဏတော့စိတ်အေးချမ်းသွားပါတယ်💌💐


{ Gallery Vibes By M
oon }

#Moon
#natural_view_vd
03/18/2025, 06:23
t.me/channel_by_moon161/527
CH
Moon 's Oasis♡︎
1 358 subscribers
407
အတိတ်က လူတစ်ယောက်ကိုရင်ထဲမှာထားပြီး

လက်ရှိလူတစ်ယောက်အပေါ် ချစ်တယ်လို့ဆိုခြင်းဟာ

ယဉ်ကျေးမှုမရှိဆုံး အမူအကျင့်တစ်ခုဖြစ်ပါတယ်။



#Moon
#crd_positivecorner
#quote
03/18/2025, 05:17
t.me/channel_by_moon161/526
CH
Moon 's Oasis♡︎
1 358 subscribers
552
https://t.me/Gallery_vibe_by_Moon

Sub 50ပြည့်ရင် ချန်နယ်စရန်းမှာမို့ support ပေးကြပါအုံးရှင်🫶✨
03/16/2025, 11:48
t.me/channel_by_moon161/523
CH
Moon 's Oasis♡︎
1 358 subscribers
544
သန်မာလိုက်တာဆိုတဲ့
စကားတွေကြားရင်
ကျွန်မ.....
မဲ့ပြုံးလေး ပြုံးဖြစ်တယ်။

ရင့်ကျက်ပြီး သန်မာတဲ့ တစ်ဖက်ကိုပဲ
လူတွေမြင်အောင်ပြထားခဲ့တာလေ။

အားငယ်လွယ်ပြီး
နာကျင်နေတတ်တဲ့
ကျွန်မခံစားချက်‌တွေကိုတော့
အမြဲတမ်းပဲမြိုသိပ်ထားဖြစ်တယ်။


//ကျေးကို


#Moon
#Quote
#crd
03/16/2025, 06:59
t.me/channel_by_moon161/522
CH
Moon 's Oasis♡︎
1 358 subscribers
222
Good morning ပါရှင့်

Chinese movie channel လေးတွေနဲ့မိတ်ဆက်ပေးမယ်နော်

မင်မင့်သူငယ်ချင်း ချန်နယ်လေးမို့ joinပေးခြင်းဖြင့် support ပေးကြပါအုံးရှင့်


https://t.me/welcomemymovieworld

https://t.me/cseriesworld


#Moon
03/14/2025, 05:04
t.me/channel_by_moon161/520
CH
Moon 's Oasis♡︎
1 358 subscribers
248
Effective Study Tips and Methods for Students 🧠💡


ကျောင်းသားဘဝမှာ စာကျက်ရတာဟာ အရေးကြီးဆုံးတွေထဲကတစ်ခုပါ။ 🏆

စာကျက်တာကို ထိထိရောက်ရောက်လုပ်နိုင်ရင် ပညာရေးမှာ အောင်မြင်မှုရရှိနိုင်ပါတယ်။ ✨🎓

ဒါပေမဲ့ စာကျက်ရတာဟာ အမြဲတမ်းလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ 😓

အာရုံစူးစိုက်မှုပျက်တာ 🤯 လေ့လာရမယ့်အကြောင်းအရာတွေများတာ 📚📈
စာမေးပွဲနီးလာရင် စိတ်ဖိစီးမှုတွေကြောင့် စာကျက်ရတာ ပိုခက်ခဲလာပါတယ်။

ဒါကြောင့် ဒီဆောင်းပါးမှာကျွန်တော်ကနေ စာကျက်တဲ့အခါ အထောက်အကူဖြစ်စေမယ့် အချက်လေးတွေကို ဝေမျှပေးသွားပါမယ်။ 🤝


Method 1// 🔄Active Recall for Better Retention 🧠


Method 2// The Pomodoro Technique ⏱️


Method 3// ✏️Create a Study Schedule 📅


Method 4// Take S
mart Notes 📝

#Panda
#Moon
#Study_methods
03/13/2025, 14:27
t.me/channel_by_moon161/519
CH
Moon 's Oasis♡︎
1 358 subscribers
219
ဟယ်လို အသဲတို့ရေ
15ရက် တခါရှင်း အလုပ်လေး တခုရှိမယ်နော်

သူက Channelက တင်ပေးတဲ့ vdအတိုလေးတွေ ကြည့်ရုံပါပဲနော်
15ရက်တခါရှင်းလေးပါနော်
ဝင်ကြေးလေးကလည်း အဆင်ပြေမယ် ထင်ပါတယ်ရှင့်

ဝင်ကြေး-1000
15ရက်တခါရှင်း-15000

1mb bonus 500

မုန့်ဖိုးလေးနဲ့ ရင်းလို့ ရပီနော်

စိတ်ဝင်စားရင် dm come

DM - @STMon_ph

#Add_post
03/13/2025, 11:19
t.me/channel_by_moon161/518
CH
Moon 's Oasis♡︎
1 358 subscribers
278
https://t.me/Gallery_vibe_by_Moon

ဟီးး" ပုံလှလှလေးတွေ တင်ပေးမယ့် ချန်နယ်လေးပါရှင့်

အဆင်ပြေရင် joinပေးကြပါအုံးနော်💐💐


#Moon
03/13/2025, 06:55
t.me/channel_by_moon161/517
CH
Moon 's Oasis♡︎
1 358 subscribers
225
အချိန်ဆွဲတတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲဆိုတော့....

အလုပ်တွေကို နည်းနည်းစီ ခွဲထားပါ။

တစ်ရက်တည်းနဲ့ အလုပ်တွေကို အများကြီး လုပ်ရမယ်ဆို ဘယ်သူမှ မလုပ်ချင်ပါဘူး။ ဒါဆိုလူတိုင်း အချိန်ဆွဲမိမှာပါပဲ။ ဒါကြောင့် အလုပ်တွေကို ခွဲချလိုက်ပါ။ တစ်ကြိမ်မှာ နည်းနည်းစီ လုပ်ပါ။

ဆုချပါ။

ဒီနေ့ သတ်မှတ်ထားတဲ့ အလုပ်တွေ ပြီးရင် ဘာလုပ်မယ်၊ ဘာပေးမယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဆုချပါ။ ဒါက အလုပ်လုပ်ဖို့ စိတ်တက်ကြွစေနိုင်ပါတယ်။

အနှောင့်အယှက်တွေကို ဖယ်ထားပါ။

အနားမှာ ဖုန်းတွေ၊ TVတွေ ရှိနေရင် တော်တော်နဲ့ အလုပ်မလုပ်ဖြစ်ပါဘူး။ fbလေး ခဏသုံးမယ်၊ ရုပ်ရှင်လေးတစ်ပိုင်းလောက် ကြည့်ပြီးမှ လုပ်မယ်နဲ့ အချိန်ဆွဲနေမိတတ်ပါတယ်။ မမြင်ရင် သိပ်မသုံးမိတာကြောင့် အလုပ်လုပ်မယ်ဆို ဖုန်းတွေ၊ TVတွေနဲ့ ဝေးဝေးနေပါ။

လုပ်စရာရှိတဲ့ အလုပ်နဲ့ ရင်းနှီးအောင် နေပါ။

စာကျက်ဖို့ ရှိတယ်၊ ကျက်ရမှာ ပျင်းလို့ အချိန်ဆွဲနေတယ်ဆိုရင် အရင်ဆုံး စာကြည့်စားပွဲမှာ နေရာနည်းနည်း ရှင်းလိုက်ပါ။ ခဏနေရင် ကျက်မယ့် စာအုပ်လေးတွေ ထုတ်ထားလိုက်ပါ။ ပြီးရင် ကျက်မယ့် စာမျက်နှာကို လှန်ထားလိုက်ပါ။

အလုပ်လုပ်တဲ့ သူတွေဆိုရင်လည်း laptopလေးကို သွားဖွင့်လိုက်၊ ကိုယ်လုပ်ရမယ့် ဖိုင်ကို သွားဖွင့်လိုက်နဲ့ ဖြည်းဖြည်းချင်း ချဉ်းကပ်ပြီး အလုပ်လုပ်ချင်လာအောင် ဆွဲဆောင်လို့ ရပါတယ်။

ကြွားပါ။

ဒါက နည်းနည်းတော့ ရယ်စရာကောင်းပေမယ့် တစ်ခါတလေတော့ အလုပ်ဖြစ်ပါတယ်။ ဘယ်နေ့မှာ ‘ငါ ဒီစာ အရကျက်ပြီး နင့်ကို လာဆိုပြမယ်’၊ “ဒီလ ကုန်ရင် ဘယ်နှ‌ပေါင်ကျနေရမယ်’ စသဖြင့် ကြွားပြောထားတာကလည်း ကိုယ့်ကို တွန်းအားဖြစ်စေပါတယ်။

ဒီတိုင်းဆို မလုပ်ဖြစ်လောက်ပေမယ့် သူများကို ကြွားထားတော့ မလုပ်ဖြစ်ရင် ရှက်စရာကြီးဆိုပြီး အလုပ်လုပ်ဖြစ်သွားပါတယ်။


အချိန်ခဏပေးပါ။

အလုပ်က စလုပ်ဖို့သာ အချိန်ပေးပြီး မနည်းကိုယ့်ကိုယ်ကို တိုက်တွန်းနေရတာ၊ တကယ်တမ်း စလုပ်ဖြစ်ပြီဆိုရင် အရှိန်ရသွားပါတယ်။ အဲ့ဒီ ’စလုပ်’ဖြစ်ဖို့ဆိုတာက အခက်ဆုံးပါ။ အဲ့တော့ ကိုယ့်ကိုယ်ကို ‘တစ်မိနစ်’လောက်ပဲ လုပ်မယ်ဆိုပြီး စသတ်မှတ်ပါ။ ပြီးရင် ခဏနားပြီး နောက်ထပ် ‘တစ်မိနစ်’ ထပ်လုပ်ပါ။ ဒီလိုနဲ့ အရှိန်တင်ပါ။


လူတွေအားလုံးက မနက်မိုးလင်းရင် ‘နောက်၅မိနစ်မှထမယ်’ ဆိုတာကနေ ညဘက် ‘ဒီရုပ်ရှင်တစ်ပိုင်းပြီးရင် အိပ်မယ်’ ဆိုတာအထိ အချိန်ဆွဲတတ်ပါတယ်။ နေရာတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ အချိန်ဆွဲပေမယ့် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို မထိခိုက်ရင် ဘာမှမဖြစ်သေးပါဘူး။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေး၊ ကိုယ့်ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေကို ထိခိုက်လာရင်တော့ အချိန်ဆွဲတဲ့အကျင့် ကို ပြုပြင်ဖို့ လိုနေပါပြီ။


#Moon
#self_controlling
03/13/2025, 05:59
t.me/channel_by_moon161/516
CH
Moon 's Oasis♡︎
1 358 subscribers
218
ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ

လုပ်စရာရှိတာကို ထမလုပ်ဘဲ ဟိုနေ့မှ လုပ်မယ်၊ ဒီဟာဖြစ်မှ လုပ်မယ်ဆိုတဲ့ အကျင့်က လူတိုင်းမှာ ရှိပါတယ်။ ကိုယ်တကယ်မအားလို့ အချိန်ရွှေ့လိုက်တာ၊ ရံဖန်ရံခါမှာ ပျင်းလို့ အချိန်ဆွဲတာက ပြဿနာ မဟုတ်ပေမယ့် အကျင့်တစ်ခုလို ဖြစ်လာပြီဆိုရင်တော့ ပြဿနာရှိနိုင်ပါတယ်။

တစ်ခါတလေကျတော့လည်း စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် မဟုတ်ဘဲ ကိုယ့်ဟာကိုယ် အကြောင်းရင်းမျိုးစုံပြပြီး မလုပ်တာလည်း ရှိပါတယ်။ ဥပမာ---

*ဘာလုပ်ရမလဲ မသိဘူး။
*ဘယ်လိုလုပ်ရမလဲ မသိဘူး။
*စိတ်မပါဘူး။
*အနားနီးမှ ကပ်လုပ်မယ်။
*နေမကောင်းလို့။ (နားလိုက်ရလောက်အောင် နေမကောင်းတာမျိုး မဟုတ်တဲ့ အခြေအနေမှာတောင်)
*အချိန်မကျသေးလို့။
*မေ့သွားလို့ .......စသဖြင့် အကြောင်းမျိုးစုံပြတတ်ပါတယ်။

အချိန်ဆွဲတာက ပျင်းလို့ လို့ ပြောကြပေမယ့် တစ်ခါတလေမှာ ဒါက ကိုယ့်ရဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။


အချိန်ဆွဲတဲ့အကျင့် ကို ဘယ်လိုဖျောက်မလဲ.....?

အကျင့်တစ်ခုအနေနဲ့ဆိုရင်တော့ ဒါက ပြင်လို့ ရပါတယ်။ နေ့ချင်းညချင်း ပြောင်းလဲသွားမှာ မဟုတ်ပေမယ့် ဖြည်းဖြည်းချင်း ပြောင်းယူလို့ ရပါတယ်။

See next post ###


#Moon
#Self_controlling
03/13/2025, 05:58
t.me/channel_by_moon161/515
CH
Moon 's Oasis♡︎
1 358 subscribers
214
ဟယ်လို အသဲတို့ရေ
15ရက် တခါရှင်း အလုပ်လေး တခုရှိမယ်နော်

သူက Channelက တင်ပေးတဲ့ vdအတိုလေးတွေ ကြည့်ရုံပါပဲနော်
15ရက်တခါရှင်းလေးပါနော်
ဝင်ကြေးလေးကလည်း အဆင်ပြေမယ် ထင်ပါတယ်ရှင့်

ဝင်ကြေး-1000
15ရက်တခါရှင်း-15000

1mb bonus 500

မုန့်ဖိုးလေးနဲ့ ရင်းလို့ ရပီနော်

စိတ်ဝင်စားရင် dm come

DM - @STMon_ph

#Add_post
03/11/2025, 08:04
t.me/channel_by_moon161/513
CH
Moon 's Oasis♡︎
1 358 subscribers
251
Success ဆိုတဲ့ အောင်မြင်ခြင်းကို ရချင်ရင် ဒီ formula အတိုင်း ကျင့်သုံးကြည့်ပါ စာဖတ်သူတို့....🫶✨


#Moon
#crd_vd
#Life_success
03/11/2025, 05:05
t.me/channel_by_moon161/512
CH
Moon 's Oasis♡︎
1 358 subscribers
246
Good Morning Readers 🌅 🌅

#Moon
03/09/2025, 04:52
t.me/channel_by_moon161/511
CH
Moon 's Oasis♡︎
1 358 subscribers
422
အိမ်ထောင်မပြုဘူးလား မေးနေတဲ့ သူများ သိဖို့😒👊


မှန်တယ် ဦးလေးပြောတာ😆

#Moon
03/07/2025, 13:15
t.me/channel_by_moon161/509
CH
Moon 's Oasis♡︎
1 358 subscribers
296
ကိုယ့်ချစ်သူက Bad Mood ဖြစ်နေချိန် မလုပ်သင့်သည့် အရာများ

ဘဝကြီးက မအေးအေးဝင်းစီစဉ်တာ မဟုတ်လို့ ပျော်စရာအချိန်တွေပဲ ရှိတာ မဟုတ်ပါဘူး။ လူတိုင်းမှာ စိတ်ညစ်တဲ့အချိန်၊ Bad Mood ဝင်တတ်တဲ့ အချိန်ဆိုတာ ရှိတတ်ကြပါတယ်။ တကယ်လို့ ကိုယ့်ချစ်သူက bad mood ဖြစ်နေတဲ့ အချိန်မှာ သူ့စိတ်အခြေအနေ ပိုဆိုးသွားတာမျိုးမဖြစ်အောင် မလုပ်သင့်တဲ့ အရာ၄ခုကိုပြောပြပေးလိုက်ပါတယ်။

🖇️ ပစ်မထားပါနဲ့

သူဖြစ်တာ ငါဖြစ်တာမှမဟုတ်တာ၊ ငါနဲ့ မဆိုင်ဘူးဆိုပြီး ပစ်ထားတာမျိုး မလုပ်ပါနဲ့။သူပြောတာတွေ နားထောင်ပြီးအားပေးပါ။သူ့စိတ်ခံစားချက်ကို နားလည်ပေးပါ။ အတတ်နိုင်ဆုံး ဘေးမှာနေပြီး အားပေးနှစ်သိမ့်ပါ။စိတ်သက်သာရာရအောင်၊ ပျော်ရွှင်အောင် ကူညီပေးပါ။

🖇️ Negative ဆန်စွာ မတုံ့ပြန်ပါနဲ့။

သူ့ခံစားချက်တွေကို နားမလည်ပေးနိုင်တောင်မှ negative ဆန်စွာ မတုံ့ပြန်ပါနဲ့။ ငါ့ချစ်သူက ငါ့အပေါ်ဒီလိုတုံ့ပြန်တာပဲဆိုပြီး စိတ်အခြေအနေ ပိုဆိုးသွားနိုင်သလို ကိုယ့်အပေါ်လည်း ဒေါသထွက်နိုင်ပါတယ်။

🖇️ သင့်ခံစားချက်ကို ဦးစားမပေးပါနဲ့။

သူများစိတ်ညစ်နေတဲ့အချိန်၊ စိတ်အ‌ ခြေ အ နေ မကောင်း ဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ခံစားချက်ကို ဦးစားပေးပြီး ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေကို လုပ်တာ မဖြစ်သင့်ပါဘူး။ Bad Mood ဝင်တဲ့သူဟာ ကိုယ့်ရဲ့ ချစ်သူ၊ သူငယ်ချင်း၊ မိသားစုဝင်ဖြစ်နေမယ်ဆိုရင် ပိုလို့တောင် ကိုယ့်ရဲ့ ခံစားချက်ကို ဦးစားမပေးသင့်ပါဘူး။

🖇️ ထပ်ပြီး ပြဿနာ မရှာပါနဲ့။

Bad Mood ဝင်နေတဲ့ အချိန်မှာ ကိုယ့်ကို ဂရုမစိုက်တာမျိုး၊ ပစ်ထားတာမျိုးဆို နားလည်ပေးလိုက်ပါ။ အဲ့ဒါတွေပါ ထပ်ပြီး သင်က ပြဿနာရှာမိတာမျိုး၊ ကိုယ့်ရဲ့စိတ်တိုင်းမကျမှုတွေကိုပါ ပြဿနာရှာတာမျိုး မလုပ်မိပါစေနဲ့။သူ့ရဲ့စိတ်အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။

#Moon
#Relationship_advice
03/07/2025, 08:23
t.me/channel_by_moon161/508
CH
Moon 's Oasis♡︎
1 358 subscribers
503
စာမေးပွဲပြီးမှ ပြန်ဆောက်ကြပါ 😭

ကန်တော့ပွဲနဲ့တောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ်☹️

#Moon
03/05/2025, 14:19
t.me/channel_by_moon161/507
CH
Moon 's Oasis♡︎
1 358 subscribers
377
လက်ညှိုးထိုး၍ ပန်းဝေသည် (Book review)

ဆရာသိုးဆောင်းလို့ ပြောလိုက်တာနဲ့ စာဖတ်သူ‌တို့မျက်လုံးထဲ ပြေးမြင်မိတာ " အကြင်သူသည်" ပါ။ ကျွန်တော် ဖတ်ဖူးသမျှထဲမှာတော့ အကြင်သူသည် စာအုပ်က နှလုံးသားထဲ စွဲမြဲစွာ ထင်ကျန်လျက်ပါပဲ။

ယခု ညွှန်းပေးမယ့် စာအုပ်လေးကတော့ "အကြင်သူသည်" ထက်မသာဘူးဆိုရင်တော့ မလျော့စေရဘူးလို့ အာမခံနိုင်ပါတယ်။ ထိုစာအုပ်လေးကတော့ "လက်ညှိုးထိုး၍ ပန်းဝေသည် " ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။

ဒီစာအုပ်လေးကို သူ့ရဲ့ ဝတ္ထုနာမည်လေးကို သဘောကျပြီး ဖတ်ဖြစ်ခဲ့တာပါ။ ကျွန်တော် ထင်တာက ချစ်သူတွေရဲ့ အချစ်အကြောင်း (ရသ အနေနဲ့ပြောရရင် သိဂ်ါရ ရသ) တင် ခံစားရမယ်လို့ ထင်မိခဲ့တာပါ။ ဒါပေမယ့် စာအုပ်ဖတ်လိုက်တဲ့ အချိန်မှာတော့ အထင်နဲ့ အမြင် လွဲသွားခဲ့ရပါတယ်။

"ငါချစ်ရင် မိုးကို လှေကားထောင်ပေးမယ်၊ပင်လယ်ကို တံတားခင်းပေးမယ်၊ ငါမုန်းရင်တော့ ငရဲကိုတောင် ပြာကျအောင် မီးရှို့ပစ်မယ်" ဒါဟာ ဘွဲ့ထူး ဂုဏ်ထူးတွေ ၊ ပကာသနတွေကို ရေးဖွဲ့ထားတာမဟုတ်ပါဘူး။ စကားလုံး အချွန်အတက်တွေနဲ့ နှလုံးသားကို ထိုးစိုက်ထားတာလည်း မဟုတ်ဘူးဆိုတာ ဒီစာအုပ်လေး ဖတ်နေရင်း နားလည် ခံစားမိလိမ့်မယ်။

" ဘာပဲ ဖြစ်ဖြစ်ပေါ့ကွယ်... ချစ်သူလက်သာ ထိကိုင်ထားရရင် အသက်မရှူပေမယ့်လည်း အသက်ရှိနေပါတယ်" လူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတရား၊ သစ္စာတရားတွေ ကြီးမားမှုကို ဒီစာအုပ်လေး ဖတ်ရင်း ခံစားမိလာပါလိမ့်မယ်။

ဒီစာအုပ်လေးက ချစ်ခြင်း‌ မေတ္တာ အကြောင်းတင် မဟုတ်ပဲ လူတွေရဲ့ လောဘ၊‌ ဒေါသ ၊ လူတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမှုတွေ ကြားမှာ အချစ်ကြီးပြီး သစ္စာကြီးကြတဲ့ ချစ်သူနှစ်ဦးရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်လေးတွေကို ဆရာသိုးဆောင်းက ဇာတ်အိမ်ခိုင်ခိုင် သဘာဝကျစွာ ရေးသားထားတာဖြစ်ပါတယ်။

စာအုပ်ဖတ်ရှုရန် 🔗🔗

https://t.me/foryou1272006/504?sing
le

စာဖတ်သူတို့အားလုံး အဓိပ္ပာယ်ရှိသော နေ့ရက်လေးတွေ ဖန်တီးနိုင်ကြပါစေရှင့်


#Moon
03/05/2025, 05:20
t.me/channel_by_moon161/506
CH
Moon 's Oasis♡︎
1 358 subscribers
89
03/05/2025, 05:19
t.me/channel_by_moon161/505
CH
Moon 's Oasis♡︎
1 358 subscribers
94
လက်ညှိုးထိုး၍ပန်းဝေသည်_အပိုင်း_၂၊_သိုးဆောင်း.pdf





#crd_to_Bookforyou_Channel

#Book
03/05/2025, 05:10
t.me/channel_by_moon161/504
CH
Moon 's Oasis♡︎
1 358 subscribers
94
03/05/2025, 05:10
t.me/channel_by_moon161/503
CH
Moon 's Oasis♡︎
1 358 subscribers
246
ဘဝမှာ ပိုက်ဆံထက် ပိုအရေးပါတဲ့ အရာတွေ.....

ပိုက်ဆံဟာ ဘဝအတွက်အရေးပါတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် ပိုက်ဆံနောက်လိုက်ရင်း ဘဝရဲ့အရေးကြီးတဲ့အရာတွေ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ပိုက်ဆံထက် ပိုပြီး အရေးပါတဲ့အရာတွေကို ပြောပြပေးသွားပါမယ်....။

(၁) မိသားစု

မေတ္တာတရားကို ဖော်ညွှန်းတဲ့ မိသားစု၊ စည်းလုံးမှုတွေ၊ မိတ်ဆွေ သူငယ်ချင်း ၊ တွယ်တာစရာ သံယောဇဉ်လေးတွေဟာလည်း ဘဝမှာ အရေးပါပါတယ်။ ငွေရှိရင် အရာရာပြည့်စုံမယ်၊ စိတ်ချမ်းသာရမယ်ထင်ပြီး ပျော်ဖို့ အချိန်မရလောက်အောင် သောကများနေရင် နေရတဲ့ဘဝက မတန်ပါဘူး။ ပိုက်ဆံပုံကြားထိုင်နေရပေမယ့် မေတ္တာတရားကို မခံစားရရင် ဘယ်တော့မှ ပြုံးနေရမှာ မဟုတ်ပါဘူး......။

(၂) ဘဝအတွေ့အကြုံ

လူဟာ မွေးဖွားရှင်သန်ပြီးရင် သေရတာချည်းပါပဲ။ တစ်နေ့လုံး ကိုယ့်ရဲ့ နေ့တစ်ဒူဝ အသက်မွေးမှုနဲ့ပဲ အလုပ်များနေရင် ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ နောက်မျိုးဆက်ကို ကိုယ့်ရဲ့ ဘယ်အတွေ့အကြုံတွေ မျှဝေမလဲ။ ဒါဆိုရင် ကိုယ့်ဘဝက ဘာမှ ထည့်မထားတဲ့ အိတ်တစ်လုံးနဲ့ ပိုတူနေမှာပေါ့။ ဘဝမှာ သူများနဲ့မတူ ထူးကဲတဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေက ပိုက်ဆံနဲ့တန်ဖိုးဖြတ်လို့မရပါဘူး။ အတွေ့အကြုံကို ပိုက်ဆံနဲ့ ဝယ်လို့မရပါဘူး စာဖတ်သူတို့ရေ.....။

(၃) ကျန်းမာရေး

ပိုက်ဆံပုံကြားနေပြီး ကျန်းမာရေးမကောင်းနေရင်ရော ပျော်စရာ အတိဖြစ်နိုင်ပါ့မလား။ ဘယ်လောက်ပဲ ချမ်းသာပါစေ ...ကျန်းမာရေးကို ဝယ်လို့မရပါဘူး။ ပိုက်ဆံနောက်လိုက်ရင်း ကျန်းမာရေးကို ပစ်ထားမိရင် မိုက်မဲလိုက်တာလို့ တစ်နေ့နေ့မှာ ကိုယ့်ကိုကိုယ် အပြစ်တင်နေမိလိမ့်မယ်။ ပိုက်ဆံထက် ကျန်းမာရေးက ပိုအရေးကြီးပါတယ်......။


(၄)ယုံကြည်မှု

ယုံကြည်မှုမရှိတဲ့ ဘဝက ရှင်လျက်နဲ့ သေနေတာပါ။ ယုံကြည်မှုဆိုတာ ကိုယ့်ကိုကိုယ်ယုံကြည်တာ၊ ကိုယ့်အိမ်မက်နဲ့ ကိုယ့်အလုပ်နဲ့ ပတ်သတ်ပြီး ယုံကြည်မှုရှိတာကို ပြောတာပါ။ ယုံကြည်မှုပျောက်ဆုံးသွားရင် ဘဝရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးသွားသလိုပါပဲ.......။


#Moon
#Life_success_content
03/04/2025, 05:14
t.me/channel_by_moon161/500
CH
Moon 's Oasis♡︎
1 358 subscribers
108
ကောင်းသော နံနက်ခင်းလေး ဖြစ်ပါစေရှင့် ~~💙 🌅


#Moon
03/04/2025, 03:06
t.me/channel_by_moon161/499
CH
Moon 's Oasis♡︎
1 358 subscribers
459
လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ်။ စာဖတ်သူလေးတို့မှာရော ဘယ်လို အိပ်မက်လေးတွေရှိကြလဲ.....?

အိပ်မက်ကို စိတ်ကူးယဉ်နေတာထက် လက်တွေ့အကောင်အထည်ဖော်တာက ခက်ခဲပါတယ်။ ခက်ခဲတယ်ဆိုပြီး ရပ်တန့်ပစ်လို့မရပါဘူး။

ဒီ content လေးမှာတော့ ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေကို sharing လုပ်ပေးသွားပါမယ်ရှင်။

✧ဆုံးခန်းတိုင်အောင် လျှောက်လှမ်းပါ။

ကိုယ့်အိပ်မက်ကို စတင်အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရမှာပါပဲ။အခက်အခဲတွေ တွေ့တဲ့အခါ အရှုံးပေးချင်စိတ်က မင်းရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ရပ်တန့်ပစ်ချင်မှာပါ။အဲ့ဒီအချိန်မှာ ရပ်တန့်ပစ်မယ်ဆိုရင် မင်းရဲ့အိပ်မက်တွေကို အရှုံးပေးလိုက်တာနဲ့အတူတူပါပဲ။


✧အကြောက်တရားကို အနိုင်ယူပါ။

လိုချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ရာမှာ ကိုယ်မသိလိုက်တဲ့အချိန်မှာပဲ အကြောက်တရားက ဘွားခနဲပေါ်လာတတ်ပါတယ်။ထို အကြောက်တရားက မင်းရဲ့ကြိုးစားချင်စိတ်ကို လုယူတာမျိုး မဖြစ်ပါစေနဲ့။အိပ်မက်ကို အကောင်အထည်ဖော်ရမယ့်အစား အိပ်မက်ကို စိတ်ကူးယဉ်မနေပါနဲ့။

✧အောင်မြင်သူကို အတုယူပါ။

ကိုယ့်ရဲ့မျက်စိရှေ့မှာ အောင်မြင်သူတွေ အများကြီးရှိကြပါတယ်။ ထိုအောင်မြင်သူတွေကို သေချာလေ့လာပါ။သူတို့ဘယ်လိုကြိုးစားလဲ၊ လေ့လာသလဲဆိုတာ အတုယူပါ။

သူတို့ရဲ့ နည်းလမ်းကောင်းတွေထဲမှာ ကိုယ်နဲ့ဘယ်ဟာသင့်တော်သလဲဆိုတာ ဆန်းစစ်ပါ။ ပြီးရင် အသုံးချပါ။

✧အချိန်တစ်ခု သတ်မှတ်ပါ။

ဘယ်နှလအတွင်း၊ ဘယ်နှနှစ်အတွင်းမှာ ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရမယ်ဆိုတာမျိုး သတ်မှတ်ပါ။ အချိန်သတ်မှတ်မထားတဲ့အခါ ဘယ်ချိန်ပြီးပြီး ကိစ္စမရှိတော့ပါဘူး။

ရတာပဲဆိုပြီး အချိန်တွေ ဆွဲရင်းဆွဲရင်းနဲ့အသက်ကြီးသွားကာ ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်မဖော်နိုင်တာမျိုးတွေ ရှိတတ်ပါတယ်။

✧ကိုယ့်ကိုကိုယ်ချီးမွမ်းဖို့ မမေ့ပါနဲ့။

ကိုယ့်ရဲ့အိပ်မက်တွေဟာ တစ်ရက်တည်းနဲ့ ပြည့်မြောက်မှာမဟုတ်ပါဘူး။အချိန်တစ်ခုယူရပါတယ်။ တခါတရံ အားပေးမှုတွေ လိုအပ်ပါတယ်။ ဒါကြောင့် ခရီးတစ်ခုရောက်ပြီဆို ခဏတဖြုတ် နားပါ။ ကိုယ့်ရဲ့တိုးတက်မှုကို ပြန်လည် ဆန်းစစ်ပါ။ ပြီးရင် ကိုယ့်ကိုကိုယ်တော်ကြောင်း ချီးမွမ်းပါ။


#Moon
#Life_success_content
02/28/2025, 07:27
t.me/channel_by_moon161/497
CH
Moon 's Oasis♡︎
1 358 subscribers
149
ကောင်းသော နံနက်ခင်းလေးပါရှင်🌹💝🌅

#Moon
02/28/2025, 05:23
t.me/channel_by_moon161/496
CH
Moon 's Oasis♡︎
1 358 subscribers
263
အကိုရေ အကို

မေတ္တာတရားဆိုတာလေ

မိုးရေထဲကလူက တိုက်ခန်းထဲကလူကို

နွေးထွေးစေချင်တာမျိုးပါ....။


#Moon
#feel_quote
#crd
02/27/2025, 13:07
t.me/channel_by_moon161/495
CH
Moon 's Oasis♡︎
1 358 subscribers
300
စိုက်ခင်းထဲမှာ ပိုး‌တွေကျနေတယ်

ဒါပေမယ့် ပန်းတွေကတော့ ပွင့်မြဲ ပွင့်ဆဲပါ မာရီယာ...။

တို့တွေ ပန်းပွင့်တွေလောက်တော့ သတ္တိကောင်းရပေလိမ့်မယ်။


#Moon
#Moti_quote
#crd
02/26/2025, 09:24
t.me/channel_by_moon161/494
CH
Moon 's Oasis♡︎
1 358 subscribers
141
နေကောင်းအောင်နေပါ

နေမကောင်းရင် ကမ္ဘာကြီးက မင်းကို မောင်းထုတ်ကြလိမ့်မယ်။

လူတွေ ချစ်တယ်ဆိုတာ

သူတို့မထိခိုက်သရွေ့ပဲ မဟုတ်လား....။

# မင်းခိုက်စိုးစန်
#Moon
02/26/2025, 07:31
t.me/channel_by_moon161/493
CH
Moon 's Oasis♡︎
1 358 subscribers
329
#Moon
02/24/2025, 08:06
t.me/channel_by_moon161/491
CH
Moon 's Oasis♡︎
1 358 subscribers
192
ကမ္ဘာကြီးနဲ့ ဆိုင်တဲ့ သိထားသင့်သော အချက်များ

🌀 လူသားတွေ အိမ်မက်ရဲ့ 75%ဟာ လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေပါတယ်။

🌀 ကမ္ဘာပေါ်မှာ နေ့စဉ် လူပေါင်း 385000ကျော် မွေးဖွားပြီး 150000ကျော် သေဆုံးလျက်ရှိပါတယ်။

🌀 လူတစ်ယောက် သေဆုံးခါနီးမှာ သူ့ဘဝမှာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ဦးနှောက်က 15မိနစ်ခန့် ရုပ်ရှင်တစ်ခုလို အမြန်နှုန်းနဲ့ပြသပေးပါတယ်။

🌀 လူသားတွေမှာ ပထမမျက်လုံးနဲ့ ဒုတိယမျက်လုံးအပြင် တတိယမျက်လုံးပါ ရှိပါတယ်တဲ့။ (လူတစ်ချို့သာ ရှိတာပါ)

🌀 ကျွန်မတို့ ဦးနှောက်ဟာ မနက်ပိုင်း ၆နာရီနဲ့၁၀နာရီကြားမှာ 100%လုပ်ဆောင်မှုအားကောင်းပြီး မှတ်ဉာဏ်စွမ်းရည်လည်း ပိုကောင်းပါတယ်။


#Moon
#Knowledge
#crd
02/24/2025, 07:54
t.me/channel_by_moon161/490
CH
Moon 's Oasis♡︎
1 358 subscribers
369
သင့်အတွက် ဂုဏ်ပြုစကား

ရှင်သန်ရတာ ပင်ပန်းနေပေမယ့် အခုချိန်အထိ အားတင်းပြီးကြိုးစားရုန်းကန်ရှင်သန်နိုင်ခဲ့လို့ သင့်အတွက် ဂုဏ်ယူပါတယ်။

အခုလိုပဲ နောက်နောင် အဆင်မပြေတာတွေရှိခဲ့ရင်လည်း အားတင်းထားရမယ်နော်။

သင်ကစိတ်ထားလေးကောင်းပြီး တစ်ခုခုဆို သူများအတွက်ဖြည့်တွေးပေးတတ်တာမို့ ဒီကောင်းမှုအကျိုးလေးတွေဟာ တစ်ချိန်ချိန်မှာ သင့်ကို အကျိုးပေးလာမှာပါ။

သင့်ကို ဒီထက်ပိုပြီးပျော်ပျော်နေစေချင်ပါတယ်။
ဒီထက်ပိုပြီး အေးချမ်းနေစေချင်တယ်။
အသက်တွေက တဖြည်းဖြည်းကြီးလာတာမို့ ကိုယ်ပျော်ရွှင်ဖို့ပဲ အာရုံစိုက်ရမယ်နော်

# သော်တာမင်း
# လူငယ်တစ်ယောက်စိတ်ဓာတ်ကျနေသည်
#Moon
02/22/2025, 11:31
t.me/channel_by_moon161/487
CH
Moon 's Oasis♡︎
1 358 subscribers
413
ဒီနေ့အတွက် အမှာစကား

လူတစ်ချို့ဟာ ကျွန်တော်တို့ထင်သလောက် ကျွန်တော်တို့အပေါ် မဖြူစင်ဘူးဆိုတာ မှတ်ထားပါ။

လူတစ်ချို့ဟာ ကျွန်တော်တို့ထင်သလောက် ကျွန်တော်တို့အပေါ်မှာ မရိုးသားဘူးဆိုတာလည်း မှတ်သားထားပါ။

လူတစ်ချို့ဟာ ကျွန်တော်တို့ထင်သလောက် ကျွန်တော်တို့အပေါ်မှာ အများကြီးမချစ်ဘူးဆိုတာလည်း မှတ်သားထားပါ။

တစ်ခုခုဆို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ခင်တတ်၊ချစ်တတ်၊တွေးတတ်တဲ့ သင့်ကို လောကကြီးအကြောင်းနားလည်အောင် အမှာစကားပါးရတာပါ။

# သော်တာမင်း
# လူငယ်တစ်ယောက်စိတ်ဓာတ်ကျနေသည်
#Moon
02/20/2025, 05:59
t.me/channel_by_moon161/486
CH
Moon 's Oasis♡︎
1 358 subscribers
273
လူသိနည်းသော သိသင့်တာလေးများ။
~~~~~~
(၁) သင့်ရဲ့ဖိနပ်တွေဟာ လူတွေကသင့်ကို မသိလိုက် မသိဘာသာ သတိပြုမိစေမယ့် ပထမဆုံးအရာတွေ ဖြစ်ပါတယ်။
ဒါကြောင့် သင့်တင့်ကောင်းမွန်တဲ့ ဖိနပ်ကို ဝတ်ဆင်ဖို့လိုပါတယ်။

(၂) အကယ်လို့ သင်က တစ်နေ့ကို ၁၁ နာရီထက် ပိုထိုင်နေရမယ်ဆိုရင် နောက် ၃ နှစ်အတွင်း အသက်‌ ‌ေသဆုံးဖို့ ၅၀ ရာခိုင်နှုန်းရှိပါတယ်။

(၃) ဒီကမ္ဘာပေါ်မှာ သင်နဲ့ရုပ်ချင်းတူတဲ့သူ အနည်းဆုံး ၆ ယောက်လောက်ရှိနေပါတယ်။

သင့်ဘဝတလျှောက်လုံးမှာ သူတို့ထဲက တစ်ယောက်နဲ့ဆုံစည်းဖို့ ၉ ရာခိုင်နှုန်း အခွင့်အရေးရှိပါတယ်။

(၄) ခေါင်းအုံးမပါဘဲ အိပ်တာဟာ နောက်ကျောနာကျင်မှုဝေဒနာကို သက်သာစေပြီး သင့်ကျောရိုးကိုလည်း ပိုပြီး သန်မာစေပါတယ်။

(၅) လူ့ဦးနှောက်က သတိမပြုဘဲ မနေနိုင်တဲ့အရာသုံးမျိုးရှိတယ်။

အဲ့ဒါတွေကတော့ အစားအစာ၊ ဆွဲဆောင်မှုရှိတဲ့သူတွေ နဲ့ ဘေးအန္တရာယ်တို့ပဲဖြစ်တယ်။

(၆) ညာသန်တွေဟာ အစားအစာကို ညာဘက်မှာ ဝါးတာများတယ်။

(၇) လက်ဘက်ခြောက်ကိုအိတ်နဲ့ထည့်ပြီး အနံ့ဆိုးတဲ့နေရာတွေမှာထားရင် အဲ့ဒီအနံ့ဆိုးတွေကို လက်ဘက်ခြောက်က စုပ်ယူသွားလိမ့်မယ်။

(၈) အိုင်းစတိုင်းရဲ့အဆိုအရ
ပျားရည်ထုတ်ယူနိုင်တဲ့ ပျားမျိုးတွေ ဒီကမ္ဘာမြေပြင်ပေါ်က ပျောက်ကွယ်သွားမယ်ဆိုရင်

လူသားတွေလည်း ၄ နှစ်အတွင်း ‌ေ-သဆုံးသွားကြလိမ့်မယ်တဲ့။

၉) ပန်းသီးမျိုးကွဲပေါင်းအများအပြားရှိပါတယ်။

တစ်နေ့ကို တစ်မျိုးစားမယ်ဆိုရင် အမျိုးအစားအားလုံးကုန်ဖို့ အနှစ် ၂၀ ကျော်ကြာလိမ့်မယ်တဲ့။

(၁၀) အစာမစားဘဲနေမယ်ဆိုရင် ရက်သတ္တပတ်နဲ့ချီပြီး သင်အသက်ရှင်နေနိုင်မယ်။

မအိပ်ဘဲနေမယ်ဆိုရင်တော့ ၁၁ ရက်ပဲ သင်အသက်ရှင်နေနိုင်မယ်။

(၁၁) အားပါးတရရယ်တဲ့သူတွေဟာ သိပ်မရယ်တဲ့သူတွေထက် ကျန်းမာရေးပိုကောင်းတယ်။

(၁၂) ပျင်းရိခြင်းနဲ့ လှုပ်ရှားတက်ကြွမှုမရှိခြင်းကြောင့် ‌ေသဆုံးရသူတွေဟာ ဆေးလိပ်သောက်လို့ ‌ေ-သဆုံးရသူ အရေအတွက် လောက်ရှိတယ်။

(၁၃) လူသားရဲ့ဦးနှောက်ရဲ့ သိုမှီးနိုင်မှုပမာဏဟာ Wikipedia ထဲမှာပါတဲ့အချက်အလက်ရဲ့ ၅ ဆ ရှိတယ်။

(၁၄) ကျွန်တော်တို့ဦးနှောက်က အသုံးပြုတဲ့ စွမ်းအင်ဟာ ၁၀ ဝပ် မီးသီးက သုံးတဲ့စွမ်းအင်နဲ့တူတယ်။

(၁၅) ကျွန်တော်တို့ ခန္ဓာကိုယ်က ထုတ်ပေးနိုင်တဲ့အပူဟာ မိနစ် ၃၀ အတွင်း ၁ လီတာခွဲရှိတဲ့ ရေကို ဆူနိုင်တဲ့အထိရှိတယ်။

(၁၆) သားဥဟာ လူသားရဲ့ အကြီးဆုံးဆဲလ်ဖြစ်ပြီး သုတ်ကောင်ဟာ အသေးဆုံးဆဲလ်ဖြစ်တယ်။

(၁၇) အစာချေရည်ဟာ သင်တုံးဓားသွားကို အရည်ပျော်စေနိုင်လောက်အောင်ပြင်းတယ်။

(၁၈) ပြုံးပါ။
အပြုံးဟာ အထိရောက်ဆုံး စိတ်ကျရောဂါကာကွယ်ဆေးဖြစ်ပါတယ်တဲ့။


#crd
#Moon
02/19/2025, 13:13
t.me/channel_by_moon161/485
CH
Moon 's Oasis♡︎
1 358 subscribers
233
Good morning everyone 🌅☀️

By the way, လူတစ်ယောက်နဲ့တစ်ယောက်က စာလေ့လာတဲ့ပုံစံမတူကြပါဘူး။ စာတစ်ပုဒ်ကို အကြာကြီးလေ့လာမှ ရတဲ့သူနဲ့ ခဏလေး လေ့လာရုံနဲ့ ရတဲ့သူတွေ ရှိပါတယ်။ ဒီတစ်ခါမှာတော့ စာလုပ်ရတာအဆင်ပြေမဲ့ study tips လေးတွေ ‌shareပေးသွားပါမယ်....✨✨

Flashcards method🔖
----------------------
ဒီနည်းလမ်းကတော့ အရေးကြီးတဲ့အပိုင်းတွေကို noteစာအုပ်မှာမှတ်ထားပြီး ပြန်ဖတ်တဲ့အပိုင်းပါ။

Memorizing method 📐
---------------------
သူကတော့ 1⃣0⃣ ခါဖတ်၊ 1⃣0⃣ ခါရွတ် ၊2⃣ ခါ ချရေးခိုင်းတဲ့နည်းပါ။

Pomodoro method 🖌
------------------------
ဒီနည်းလမ်းကတော့ 2⃣5⃣ မိနစ်စာလုပ်၊ 2⃣5⃣ မိနစ် break ယူတဲ့နည်းလေးပါ။ စာလေ့လာသူတွေ တော်တော်များများအသုံးပြုကြတဲ့နည်းလမ်းလေးပါနော်။

Blurting method 🖍
----------------------
သူကတော့ စာတစ်ပုဒ်ကို ဖတ်ပြီး ကိုယ်မှတ်မိသလောက်စာအုပ်ကိုပြန်မကြည့်ဘဲစိတ်ထဲပေါ်သလောက် ချရေးတဲ့နည်းလေးပါ။ ဒီနည်းလမ်းလေးက မှတ်ဉာဏ်တိုးတက်စေပါတယ်နော်။

ကဲ....ဒီ နည်းလမ်းလေး 4⃣ ခုကတော့ စာလေ့လာတဲ့နေရာမှာ လုံးဝကို အကျိုးပြုတဲ့ tips လေးတွေပေါ့နော်။

စာဖတ်သူလေးတို့လည်း ဒီနည်းလေးတွေအတိုင်းလေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်...📢📢

See you next content, guys ♥️
Have a meaningful day 🎀🪄


#Moon
#Content_by_Moon
#Study_tips
02/19/2025, 05:41
t.me/channel_by_moon161/484
CH
Moon 's Oasis♡︎
1 358 subscribers
108
# သိုးဆောင်း
#လက်ညှိုးထိုး၍ပန်းဝေသည်
02/19/2025, 05:20
t.me/channel_by_moon161/483
CH
Moon 's Oasis♡︎
1 358 subscribers
108
02/19/2025, 05:20
t.me/channel_by_moon161/482
CH
Moon 's Oasis♡︎
1 358 subscribers
458
ရွှေပန်းအိုးမှာ နေချင်တာလား

မခင်နှင်းဆီ...။

ကျွန်တော်ပျိုးတုန်းက တစ်ချက်အညှိုးမခံခဲ့တာရော...

သတိရရဲ့လား....။


# ရေဇက်
02/15/2025, 11:29
t.me/channel_by_moon161/478
CH
Moon 's Oasis♡︎
1 358 subscribers
347
စီးကြည့်ပါအုံး မခင်နှင်းဆီ

မင်း ဖိနပ်ဆိုဒ်နဲ့

ကိုယ့်မာနလေး ကိုက်ရဲ့လား....။


# ရေဇက်
02/15/2025, 09:44
t.me/channel_by_moon161/477
CH
Moon 's Oasis♡︎
1 358 subscribers
393
02/15/2025, 09:13
t.me/channel_by_moon161/476
CH
Moon 's Oasis♡︎
1 358 subscribers
600
ဂီတဆိုတာ ကျွန်မတို့တွေ ဘာသာစကားအသစ်တွေ လေ့လာတဲ့အခါ လေ့ကျင့်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ Korea K-pop music မှာဆိုရင် ကိုရီးယားဘာသာစကားလေ့လာနေတဲ့သူလေးတွေအတွက် အသုံးဝင်တဲ့ စကားစုလေးတွေ၊ ကောက်နုတ်ချက်လေးတွေ ပါဝင်ပါတယ်။ ပြီးတော့ K-pop music လေးတွေက ကိုရီးယား ယဉ်ကျေးမှုအကြောင်းတွေပါ ပါရှိတဲ့အတွက် learner လေးတို့ လေ့လာမယ်ဆိုရင် K-pop Lyrics လေးတွေကနေလည်း လေ့လာလို့ရပါတယ်။

ဒီတစ်ခေါက်မှာ ကျွန်မက Korean Language ကို သင်ယူနေတဲ့ Learner လေးတို့အတွက် K-pop Lyricsတွေကို ကိုယ့်ရဲ့သင်ယူမှုမှာ ဘယ်လို အသုံးချရမလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

🎧 နားထောင်မယ်၊ပြီးရင် ဆိုကြည့်မယ် 🎤

ဂီတသံစဉ်တွေ ၊ သီချင်းစာသားတွေကို နားထောင်တာဟာ သောတအာရုံကို ကြည်နူးချမ်းမြေ့စေရုံသက်သက် မဟုတ်ပါဘူး။ လေ့လာဆန်းစစ်ချက်တွေအရဆိုရင်တော့ တေးသီချင်းနားဆင်မှုဟာ အကြားအာရုံကိုတင်မကပဲ ဦးနှောက်နဲ့ ခန္ဓာကိုယ်တွေကိုပါ အကျိုးရှိစေပါတယ်။ ပြီးတော့ ကိုယ်လေ့လာနေတာနဲ့ အဆင်ပြေတဲ့ သီချင်း/ Lyrics တွေကို နားထောင်ပြီး repeat လုပ်မယ်ဆိုရင် လေ့လာတဲ့နေရာမှာ အရမ်းကို လွယ်ကူထိရောက်မှာပါ။ (ဥပမာ- သင်က Korean Language ကို သင်ယူနေတယ်ဆိုရင်တော့ K-pop Lyrics လေးတွေ နားထောင်သင့်ပါတယ်နော်)

သီချင်းတွေကို ပြန်လည်ဆိုခြင်းက သင့်ရဲ့ pronunciation နဲ့ fluency ကို မြှင့်တင်ပေးနိုင်ပါတယ်။

📃 Lyrics လေးတွေကို ဖတ်ကြည့်ပါ 👄

သင်က ဒီသီချင်းသံကို ခဏတိုင်း နားထောင်မယ်ဆိုရင် အဲ့ဒီသီချင်းမှာပါတဲ့ စကားလုံးတွေနဲ့ ရင်းနှီးလာမယ်။ ပြီးတော့ သူတို့ရဲ့ သီချင်းစာသားကိုကြည့်ပြီး ဘယ်လိုရေးရတာမျိုးဆိုတာ လေ့လာသင့်ပါတယ်။K-pop သီချင်းတွေကို နားထောင်ပြီး lyrics တွေကို ဖတ်ပါ။ အထူးသဖြင့် သီချင်းရဲ့ အဓိပ္ပာယ်နဲ့ ခံစားချက်ကို နားလည်ဖို့ အထောက်အကူပြုပါတယ်။

🖊 English Phrase ပါတဲ့ lyrics လေးတွေလည်း လေ့လာကြည့်ပါ 🫀

K-pop သီချင်းအများစုက English Phrase လေးတွေ ကြားညှပ်သုံးတာမျိုးရှိပါတယ်။ K-pop music တွေ နားထောင်ရင်း Korean Language အပြင် english language သင်ယူရာမှာပါ အထောက်အကူပြုပါတယ်။

💻 Online ကို အကျိုးရှိရှိသုံးကြရအောင်👩‍💻

၂၁ရာစုရဲ့ အားသာချက်တစ်ခုပါပဲ။ ကိုယ်သိချင်တာဆို ချက်ချင်းသိနိုင်တဲ့ အွန်လိုင်းနည်းပညာရှိနေခြင်းဟာ ကျွန်မတို့အတွက် တကယ့်ဆုလာဘ်တစ်ခုပါ။ ကိုယ်က K-pop music တွေ နားထောင်မယ်ဆိုရင် YouTube Channel တွေကနေတစ်ဆင့်လေ့လာလို့ရပါတယ်။ YouTube မှာ လိုသလိုရှာလို့ရတဲ့အတွက် သီချင်းနားထောင်ရင်း ဘာသာစကားကို လေ့လာနိုင်ပါတယ်။

🪄 Vocabulary and expressions

K-pop Lyrics တွေထဲကနေ အသုံးဝင်တဲ့ vocabတွေ၊ expressions လေးတွေ လေ့လာလို့ရပါတယ်။ K-drama, variety shows နဲ့ K-pop fandom တွေနဲ့ ပတ်သက်ပြီး လေ့လာပါက vocabulary နဲ့ expressions တွေကို ပိုမိုလွယ်ကူစွာ မှတ်မိနိုင်ပါလိမ့်မယ်။

🔖Flashcard လေးတွေ အသုံးပြုပါ။

သီချင်းထဲက အသုံးအနှုန်းတွေကို flashcards အနေနဲ့ ဖန်တီးပြီး သင်ယူနိုင်ပါတယ်။

___

အထက်က ပြောပြတဲ့ နည်းလမ်းလေးတွေက learner လေးတို့အတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။ Learner လေးတို့ အားလုံး ကိုယ်ဝါသနာပါတဲ့ ဘာသာစကားတွေကို သင်ယူပြီး အိမ်မက်ကို အကောင်အထည်ဖော်နိုင်ကြပါစေ။


#Moon
#content_by_Shin_Thant_Mon
#Study_tips_for_Learners
#No_Copy
02/12/2025, 05:20
t.me/channel_by_moon161/475
CH
Moon 's Oasis♡︎
1 358 subscribers
60
ကံ့ကော်ပန်းရဲ့အဓိပ္ပာယ်က ဘာလဲ?

"မင်း သိလား ကလေးမ"

"ကျွန်တော်မသိဘူး ဆရာ"

"ထာဝရ ချစ်နေမယ်တဲ့"

"ဒါဖြင့် ဆရာ ကံ့ကော်ပန်းပေးဖူးလား"

"မပေးဖူးဘူး"

"အပေးခံရရင်ရော ဆရာလက်ခံမှာလား"

ဆရာက ရယ်တယ်။ "ဟားး..."

ပြီးတော့ နှဖူးကိုလက်နဲ့ကုတ်တယ်။

"ဒါကတော့ ပေးတဲ့သူအပေါ် မူတည်တာပေါ့"


#Moon
#sarto
#crd
02/12/2025, 04:56
t.me/channel_by_moon161/474
CH
Moon 's Oasis♡︎
1 358 subscribers
Repost
69
02/12/2025, 04:17
t.me/channel_by_moon161/473
CH
Moon 's Oasis♡︎
1 358 subscribers
399
လိုအပ်ရင် ...ခေါ်ပါ။
ဒါပေမယ့်
မရှိသုံးတော့ ....မလုပ်နဲ့။ ။

မလိုအပ်ရင်.....ခေါက်ထားပါ။
ဒါပေမယ့်
နောက်ထပ် ဘယ်တော့မှထပ်မခေါ်နဲ့။ ။

မကြိုက်တာရှိရင် ....ဒဲ့ပြောပါ
ဒါပေမယ့်
နောက်ကွယ်မှာ..... အတင်းမချနဲ့။

ဝေဖန်စရာရှိရင် တိုက်ရိုက်ဝေဖန်ပါ။
ဒါပေမယ့်
အကြောင်းအရင်းမှန်ကို
မသိပဲ...ဝါလုံးရှည်နဲ့ လာမရမ်းနဲ့။ ။

မှားတာရှိရင် ......ပြောပါ။
ဒါပေမယ့်
ကိုယ်ပဲ အမြဲမှန်နေမယ်လို့ မထင်နဲ့။ ။

မကူညီချင် ....နေပါ။
ဒါပေမယ့်
မနှောင့်ယှက်ပါနဲ့။ ။

အရမ်းသည်းခံတတ်လို့.....အနိုင်ယူဖို့ပဲ မစဉ်စားနဲ့။
ကိုယ်လည်း သာမန်လူတွေထဲက လူသားပဲ.....။
ခံစားတတ်တယ် ....ပေါက်ကွဲတတ်တယ်။ ။

#crd_to_owner_with_respect
#Moon
02/10/2025, 15:33
t.me/channel_by_moon161/471
CH
Moon 's Oasis♡︎
1 358 subscribers
579
🍬 သကြားလုံးလေး ဆောင်ထားပါ 🍬

ဘဝက သံပုရာသီးတွေ အပေးများသလို

ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း ခါးသက်သက်အရသာတွေ အရမ်းကျွေးတတ်ကြပါတယ်။

ကိုယ်က နေ့ရက်တိုင်းကို ချိုမြိန်စွာ ဖြတ်သန်းချင်ပေမယ့်

တချို့နေ့တွေမှာ ချိုမြိန်စွာ မဖြတ်သန်းနိုင်ရင် ကောင်းမွန်တဲ့ စိတ်ခံစားမှု အကြည်ဓာတ်လေး ရအောင်တော့ ချိုမြိန်တဲ့ သကြားလုံးလေးတွေ စားဖို့ လိုတာပေါ့။

စိတ်ဓာတ်ကျတဲ့အခါမှာ ခံစားချက် ဒီဂရီတွေ ကောင်းဖို့အတွက် အချိုဓာတ်လိုအပ်တာမို့ အနည်းဆုံးတော့ ချောကလက်နဲ့ သကြားလုံးလေးကို ကိုယ့်အိတ်ကပ်ထဲ ဆောင်ထားဖို့ မမေ့ပါနဲ့။

လှပ‌တဲ့ နေ့လေး ဖြစ်ပါစေ။🌷

#Moon
#mentalhealth
#crd
02/08/2025, 12:25
t.me/channel_by_moon161/469
CH
Moon 's Oasis♡︎
1 358 subscribers
698
English Speakingတိုးတက်ချင်ရင် ဒီအချက်တွေ လုပ်ဆောင်ပေးပါရှင့်✨🩷

🩷နေ့တိုင်း ၃၀-၄၅ မိနစ်လောက်စကားပြောလေ့ကျင့်ပါ။တစ်နေ့မှာနဲနဲစီနဲ့ ပုံမှန်လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။

🩷ကိုယ် English လိုပြောတာကို အသံ record (or) video record လုပ်ပါ။ ကိုယ့်ရဲ့အသံထွက်၊ စကားလုံး သုံးပုံ၊စကားပြောဟန်ကို ပြန်နားထောင်ပြီး ဘယ်နေရာတွေတိုးတက်အောင် လုပ်နိုင်မလဲဆိုတာ သိနိုင်ပါတယ်။

🩷နေ့တိုင်းစကားလုံး(or) စကားစု၅ခုအသစ် အနည်းဆုံးလေ့လာပါ။ စကားလုံးအသစ်တွေကို ဝါကျထဲမှာထည့် သုံးပြီး မှတ်မိအောင် လုပ်ပါ။

🩷 Speaking Partner ရှာပါ။ မိတ်ဆွေ၊ဆရာ (or) Language Exchange Partner နဲ့လေ့ကျင့်ပြီး ကိုယ့်ရဲ့စကားပြောစွမ်းရည်ကို မြှင့်တင်ပါ။

🩷 Native Speaker တွေကို အတုခိုးပါ။ ဗီဒီယိုတွေကြည့်၊Podcastတွေ နားထောင်၊ Native Speaker တွေရဲ့ စကားပြောဟန်ကို အတုခိုးပါ။

🩷ပြီးပြည့်စုံဖို့ထက် ကျွမ်းကျင်ဖို့ကို အာရုံစိုက်ပါ။ အမှားပြောမိမှာ အသံထွက်မမှန်မှာ အရမ်းစိတ်မပူပါနဲ့။ ဆက်ပြောပြီးတိုးတက်အောင်လုပ်ပါ။

#Moon
#study_tips
02/05/2025, 06:35
t.me/channel_by_moon161/468
CH
Moon 's Oasis♡︎
1 358 subscribers
Repost
129
02/05/2025, 05:12
t.me/channel_by_moon161/467
CH
Moon 's Oasis♡︎
1 358 subscribers
285
တောသားတစ်ယောက် ဇွန်းခရင်းနဲ့မစားတတ်တာဟာ မြို့သားတွေအတွက်လှောင်ရယ်စရာဖြစ်ပေမယ့် မြို့သားတစ်ယောက် စပါးမစိုက်တတ်တာကျတော့ လှောင်စရာလို့ ဘယ်တောသားမှ မမြင်ဘူး။

ကျွန်တော်ကတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေ မှားမှာ၊ အထစ်အငေါ့ဖြစ်မှာ ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး။

နိုင်ငံခြားသားတစ်ယောက် မြန်မာစကားမပီရင် ချစ်စရာကောင်းတယ်ပြောကြပြီး မြန်မာတစ်ယောက် အဂ်လိပ်စကားမပီရင် ငပိသံကြီးဆိုပြီး လှောင်ပြောင်ကြတယ်။

ဘယ်လူမျိုးမဆို ကိုယ့်မိခင်ဘာသာစကားမဟုတ်တဲ့ အခြားဘာသာစကားကို မပီခွင့် ရှိတယ်။

ကလေးဘဝက မိခင်ဘာသာစကားကို သင်ယူတုန်းကမိဘနှစ်ပါးရဲ့အားပေးမှုတွေကြောင့်၊ မိခင်ဘာသာစကားကို ဖောဖောသီသီ ကြားခွင့်ရတဲ့အတွက် အလွယ်တကူ တတ်မြောက်သွားခဲ့တယ်။

နိုင်ငံခြားဘာသာစကားကို သင်ယူချိန်မှာတော့ လှောင်ပြောင်မှုတွေ၊ ကြားနာခွင့် ရှားပါးမှုတွေကြောင့် တတ်မြောက်ဖို့ ခက်ခဲခဲ့တယ်။

ကျွန်တော်မလုပ်ဖူးတဲ့အရာ၊ လုပ်ချင်တဲ့အရာတွေ အများကြီးရှိတယ်။ ကျွန်တော် လုပ်ဖြစ်အုံးမှာ၊ လွဲချော်နေအုံးမှာ။ လုပ်ဖို့ကိုမကြောက်ဘူး။ လွဲမှာကိုလည်း မရှက်ဘူး။

လွဲသွားမှာကြောက်လို့ မလုပ်ရဲတဲ့ ကိုယ့်ကိုကိုယ်တော်လှန်မယ်။

လွဲခွင့်ရှိတာကို လှောင်ပြောင်ချင်တဲ့ ပတ်ဝန်းကျင်ကိုတော်လှန်မယ်။

#crd
#Moon
02/04/2025, 05:55
t.me/channel_by_moon161/466
CH
Moon 's Oasis♡︎
1 358 subscribers
400
Dear me.....,

ဒီကနေ့ကစပြီး ကိုယ့်ကိုကိုယ်အတွက် ဂုဏ်ယူစွာ ရှင်သန်လိုက်ပါ။ ကိုယ့်ကိုကိုယ်ချစ်ပါ။ ဘယ်သူကမှ သင့်ကို သူကိုယ်တိုင်လောက် ချစ်မှာမဟုတ်ပါဘူး။

လူတချို့ကို အရမ်းဂရုမစိုက်ပါနဲ့။ တချို့အရာတွေကို အရမ်းအလေးမထားပါနဲ့။ ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ကြိုးစားပါ။ လောကကြီးဟာ အမြဲတမ်း မမျှတနိုင်ပါဘူး။ ကိုယ်ပိုပြီး အလေးထားရတဲ့သူ၊ အရာဝတ္ထုတွေရှေ့မှာ ကိုယ်ကအမြဲတန်ဖိုးကျတတ်လို့ပါ။

ကိုယ့်ကိုကိုယ် ဘယ်တော့မှ မနှိပ်စက်ပါနဲ့။ ဉပမာ - ထမင်းမစားတာ၊ ငိုတာ၊ ကိုယ့်ကိုကိုယ် ပိတ်လှောင်တာ ၊စိတ်အားငယ် စိတ်ဓာတ်ကျတာ.....
ဒါတွေက လူနုံ၊ လူအ တွေ လုပ်တဲ့အရာပါ။

ကိုယ့်ကိုကိုယ် နည်းနည်းထက်မြက်ပါစေ။ ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေကို ထုံအတဲ့မေးခွန်းတွေ ထပ်တလဲလဲ မမေးပါနဲ့။ ဒါဟာ ပျင်းဖို့ကောင်းလွန်ပါတယ်။

တကယ်လို့ မပျော်ဘူး၊ ဝမ်းနည်းရင် ထောင့်တစ်နေရာ သို့မဟုတ် စောင်ထဲဝင်ပြီး ငိုလိုက်ပါ။ တခြားသူ ကိုယ်ချင်းစာ သနားဖို့ မလိုပါဘူး။ ငိုပြီးတဲ့နောက် ပျော်ရွှင်တဲ့နေ့ရက်တွေကို ဖြတ်သန်းပါ။

ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့ကြိုးစားပါ။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ပါဘူး။ ဒါကြောင့် တခြားသူအပေါ် သင်ဒေါသထွက်ချင်တိုင်း မထွက်ပါနဲ့။ စိတ်တိုချင်တိုင်း မတိုပါနဲ့။


# နိုင်းနိုင်းစနေ
# ကိုယ်တိုင်ဖတ်ဖို့ရေးတဲ့စာ
#Moon
02/03/2025, 11:46
t.me/channel_by_moon161/465
CH
Moon 's Oasis♡︎
1 358 subscribers
322
စာဖတ်သူလေးတို့ ခြေလက်တွေ အမြဲအေးစက်နေလား....?

မင်မင်တော့ အချိန်မရွေး ခြေလက်တွေ အေးစက်နေတာပဲ။ ဘာကြောင့် အဲ့လိုဖြစ်လဲဆိုတာ မင်မင်သိခဲ့ရပြီ။


ခြေလက်တွေ အမြဲအေးနေတဲ့သူတွေက အတွေးများလွန်းသူ ဒါမှမဟုတ် စိတ်ဓာတ်ကျတဲ့ ပြဿနာ အများဆုံးရှိတဲ့သူလေးတွေပါတဲ့။

ဘာကြောင့်လဲဆိုရင် နှလုံးက ဦးနှောက်ကို သွေးပို့ဖို့ အာရုံစူးစိုက်ရတာကြောင့်အထက်ကပြောတာတွေ ခံစားရတဲ့သူတွေဟာဆိုရင် သူတို့ရဲ့ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးတဲ့အတွက် နှလုံးက အရေးမကြီးတဲ့ လက်ဖျား၊ခြေဖျားတွေကို သွေးပို့တာ ရပ်တန့်သွားတဲ့အတွက်ကြောင့်ပါ။


#Moon
#Health
#knowledge
02/03/2025, 08:10
t.me/channel_by_moon161/461
CH
Moon 's Oasis♡︎
1 358 subscribers
165
Single အမျိုးအစား အမျိုးမျိုးရှိပါတယ်။

(၁)အရွေးလွန်နေတဲ့ single 🤔

(၂)လာကြိုက်သမျှ ငြင်းနေတဲ့ single 🤥

(၃)ရည်းစားမသိအောင် single ဆိုပြီး ပတ်အော်နေတဲ့သူ🤒

(၄)ပေါတောတောနေလို့ ရည်းစားမရတဲ့ single 😛

(၅)ရည်းစားဟောင်းပြန်လာတာကို စောင့်နေတဲ့ single 😤

(၆)မွေးကတည်းက မစွံတဲ့(အဲ့လေ) မွေးကတည်းက ရည်းစားမထားဖူးတဲ့ single 😐

(၇)ရုပ်ခံလေးကြောင့် ရည်းစားရှိတယ်အထင်ခံရတဲ့ single 🤫

ကဲ...စာဖတ်သူလေးတို့ရော ဘယ် single အမျိုးအစားမှာ ပါတာလဲ...💁‍♀


#Moon
#funny
#crd
02/03/2025, 05:40
t.me/channel_by_moon161/460
CH
Moon 's Oasis♡︎
1 358 subscribers
717
တိုက်ကြီး ၇တိုက် အမည်တွေကို ဘယ်လိုရရှိခဲ့တာလဲ...🌟

Asia 🌏

အာရှတိုက်နာမည်က ဂရိလိုပြောတဲ့ "Ἀσία" (အေးရှား) ဆိုတဲ့ စကားလုံးကနေ ရလာတယ်လို့ ယူဆကြပါတယ်။ ရှေးခေတ် ဂရိသမိုင်းဆရာကြီး Herodotus က ဂရိနိုင်ငံရဲ့ အရှေ့ဘက်က မြေပြန့်ဒေသတွေကို အဲဒီနာမည်နဲ့ စခေါ်ခဲ့တာပါ။ တချို့ကတော့ Akkadian ဘာသာစကားက "asu" ဆိုတဲ့ စကားလုံးကနေ ရလာတယ်လို့လည်း ပြောကြပါတယ်။ "asu" ရဲ့ အဓိပ္ပါယ်က "မြင့်တက်လာတယ်" လို့ ဆိုလိုတာမို့ အရှေ့အရပ်က နေထွက်လာတဲ့ဒေသလို့ ရည်ညွှန်းတာလည်း ဖြစ်နိုင်ပါတယ်။

Europe🌍

ဥရောပတိုက်နာမည်ကတော့ ဂရိဒဏ္ဍာရီထဲက ယူရိုပါ Europa လို့ခေါ်တဲ့ ဖီနီးရှန်းမင်းသမီးရဲ့ နာမည်ကနေ ရလာတယ်လို့ ယူဆကြပါတယ်။ ဂရိတွေက မြေထဲပင်လယ်ရဲ့ မြောက်ဘက်က မြေပြန့်တွေကို အဲဒီနာမည်နဲ့ ခေါ်ခဲ့ကြပြီး နောက်ပိုင်းမှာ တိုက်ကြီးတစ်ခုလုံးအတွက် သုံးလာခဲ့ကြတာဖြစ်ပါတယ်။

Africa 🌏

အာဖရိကတိုက်နာမည်ကတော့ လက်တင်စကားလုံး "Africa" ကနေ ရလာတယ်လို့ ဆိုပါတယ်။ "Africa" ဆိုတာက အာဖရိကမြောက်ပိုင်းမှာနေတဲ့ "Afri" လူမျိုးနွယ်စုရဲ့ မြေလို့ ဆိုလိုတာဖြစ်ပါတယ်။ နောက်ထင်မြင်ချက်တစ်ခုကတော့ ဖီနီးရှန်းဘာသာစကားက "afar" ဆိုတဲ့ "ဖုန်" လို့အဓိပ္ပါယ်ရတဲ့ စကားလုံးကနေ ရလာတယ်လို့လည်း ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသတွေက သဲကန္တာရတွေနဲ့ ခြောက်သွေ့တဲ့ နေရာတွေ ဖြစ်နေလို့ပါ။

North & South America🌎

မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်နာမည်တွေကတော့ အီတလီက နယ်မြေသစ်ရှာဖွေသူ Amerigo Vespucci ဆိုတဲ့သူရဲ့ နာမည်ကနေ ရလာတာပါ။ သူက အဲဒီတိုက်တွေကို လေ့လာစူးစမ်းခဲ့တဲ့သူဖြစ်ပြီး ၁၅၀၇ ခုနှစ်မှာ ထုတ်တဲ့မြေပုံမှာ သူ့ဂုဏ်ပြုတဲ့အနေနဲ့ အမေရိက လို့ အမည်ပေးခဲ့တာပါ။

Australia🌏

ဩစတြေးလျတိုက်နာမည်ကတော့ လက်တင်စကားလုံး "Terra Australis" ကနေ လာတာဖြစ်ပါတယ်။ အဓိပ္ပါယ်က "တောင်ဘက်က မြေ" လို့ ဆိုလိုတာပါ။ ရှေးခေတ် ဥရောပက စူးစမ်းရှာဖွေသူတွေက တောင်ဘက်ခြမ်းမှာ မြေပြန့်ဒေသကြီးတစ်ခု ရှိမယ်လို့ မှန်းဆခဲ့ကြပြီး နောက်ပိုင်းမှာ တကယ်တွေ့လာတော့ အဲဒီနာမည်ကို ပေးခဲ့ကြတာပါ။

Antarctica🌍

အန္တာတိကတိုက်ကတော့ ဂရိစကားလုံး "antarktikos" ကနေ လာတာဖြစ်ပါတယ်။ အဓိပ္ပါယ်က "အာတိတ်ရဲ့ ဆန့်ကျင်ဘက်" လို့ ဆိုလိုတာပါ။ မြောက်ဝင်ရိုးစွန်းမှာရှိတဲ့ အာတိတ်ဒေသရဲ့ ဆန့်ကျင်ဘက် တောင်ဝင်ရိုးစွန်းမှာရှိတဲ့ ဒေသကို အဲဒီနာမည်နဲ့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။

#Moon
#Knowledge
#crd_Thuta_City
02/02/2025, 15:10
t.me/channel_by_moon161/459
CH
Moon 's Oasis♡︎
1 358 subscribers
695
မပျော်တဲ့ဘဝတွေရှိချင်ရှိလိမ့်မယ်။
ဒါပေမဲ့ပျော်အောင်နေရမှာကိုယ့်အပိုင်းပါ။

မပျော်တဲ့နေရာဆိုတာရှိချင်ရှိလိမ့်မယ်။
ဒါပေမဲ့တော်ရာမှာနေတတ်ရမှာ ကိုယ့်အပိုင်းပါ။

ဘဝ..ဘဝ..လို့ ထိုင်ငြီးနေမဲ့အစား
ရတုန်းရခိုက် လူ့ဘဝလေးမှာ..
ပျော်အောင် နေကြည့်လိုက်တဲ့အခါ...

နာကျင်စရာဆိုလည်းမေ့လာမယ်။

ဝမ်းနည်းလို့မျက်ရည်ကျလာတဲ့နေ့‌ တွေလည်း နည်းလာမယ်။

စိတ်ညစ်လို့လောကကြီးကို အပြစ်တင်နေတာတွေလည်း လျော့လာမယ်။

ချစ်သူနဲ့အဆင်မပြေတိုင်းငိုတတ်တဲ့အကျင့်လေးလည်းပျောက်လာမယ်။

အလုပ်ထဲ ပြဿနာဖြစ်လာတဲ့အခါ ခေါင်းအေးအေးနဲ့ ရှင်းနိုင်မယ်။

မိသားစု၊မောင်နှမတွေအပေါ် မေတ္တာတွေမျှဝေနိုင်လာမယ်။

အပျော်တွေဖလှယ်ပြီး ပိတီတွေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာမယ်။

အရင်တုန်းကထက် ကုသိုလ်တွေပိုလုပ်လာမယ်။ စိတ်တည်ငြိမ်လာမယ်။

တကယ်တော့ ဘယ်လိုစိတ်ညစ်စရာပဲကြုံကြုံ စိတ်ထားတတ်ဖို့ပဲ လိုတာမလား...။

ဒါဆိုရင်လေ ဒီနေ့ကစပြီး စိတ်လေး ပျော်အောင် နေကြည့်လိုက်နော်။

စာဖတ်သူလေးတို့အားလုံး ခေတ်သစ်မိုနာလီဇာလေးတွေ ဖြစ်နိုင်ကြပါစေ🌷


#Moon
#Self_controlling
#Self_development
#crd
02/02/2025, 14:01
t.me/channel_by_moon161/458
CH
Moon 's Oasis♡︎
1 358 subscribers
819
ပင်လယ်ခရီးပြီးတော့ ရွက်လှေနဲ့မိသားစုခရီးသွားခြင်းအတွေ့အကြုံသင်တန်းကိုဖွင့်ပြီးတော့ ရတဲ့ငွေနဲ့ မိသားစုတောင်တက်ခရီးထပ်ထွက်မလို့ပြင်နေပါတယ်။

"Everything starts with a dream."

ဘဝမှာ အီလွန်မတ်ရဲ့ SpaceX ပဲဖြစ်ဖြစ်၊ ဘီလ်ဂိတ်ရဲ့ Microsoft ပဲဖြစ်ဖြစ် အောင်မြင်မှုအားလုံးဟာ ...

"Dream" အိပ်မက်ဘဝကနေ "Action" အလုပ်၊ Action ကနေ "Success" အောင်မြင်မှုအဖြစ် လက်တွေ့ထလုပ်ပြီး ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

"𝑨𝙡𝒍 𝒐𝙪𝒓 𝒅𝙧𝒆𝙖𝒎𝙨 𝙘𝒂𝙣 𝙘𝒐𝙢𝒆 𝒕𝙧𝒖𝙚, 𝒊𝙛 𝙬𝒆 𝒉𝙖𝒗𝙚 𝙩𝒉𝙚 𝙘𝒐𝙪𝒓𝙖𝒈𝙚 𝙩𝒐 𝒑𝙪𝒓𝙨𝒖𝙚 𝙩𝒉𝙚𝒎,"

ဝေါ့ဒစ္စနေပြောခဲ့တဲ့စကားပါ။

"ကျနော်တို့သာ အိပ်မက်တွေကို သတ္တိရှိရှိ၊ တစိုက်မတ်မတ်နဲ့အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့အိပ်မက်အားလုံးဟာ လက်တွေ့ဖြစ်လာနိုင်ပါတယ်" တဲ့။

အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ မမေ့ပါနဲ့။

- Richard Myo Thant
21-January -2025

#crd
#Moon
#motivation
01/31/2025, 10:03
t.me/channel_by_moon161/457
CH
Moon 's Oasis♡︎
1 358 subscribers
433
ပန်းလေးတွေကိုချစ်ရင်အပင်ကိုပါတန်ဖိုးထားတတ်ရမယ်မဟုတ်လား....။

လူတစ်ယောက်ကိုချစ်မိသွားရင်လည်း...
သူ့ရဲ့ အတိတ် ၊ အနာဂတ်၊ ပစ္စုပ္ပာန်ကို
မြတ်နိုးတတ်ရမယ်လေနော်....။

တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးရင် သူ့ရဲ့ဖြစ်တည်မှုအားလုံးကို လက်ခံပေးနိုင်ရမှာပေါ့....။

ဦးဘုန်း(ဓာတု)ရဲ့စကားလေးလို "ပန်းသီးလေးတစ်လုံးမှာ အနာရှိနေလို့ အဲ့ပန်းသီးလေးကို လွှင့်ပစ်ရောလား၊ အနာလေးကို ဖယ်ပြီးစားကြတာပဲမလား" "အဲ့လိုပါပဲ..လူတစ်ယောက်ကို ချစ်ရင် သူ့ရဲ့ အပြစ်တွေ၊ အတိတ်က အမှားတွေကို ခွင့်လွှတ် ပြီး ကြည်ဖြူရမယ်မလား"

"အဲ့လိုမှ မဟုတ်ပဲ ပန်းသီးလေး အနာပါတာကို အပြစ်လုပ်ပြီး လျစ်လျူရှုထားရင် ခံရတဲ့ ပန်းသီးလေးရော၊ ကိုယ်တိုင်ရော စိတ်မငြိမ်းချမ်းနိုင်ပါဘူး"

လွယ်လွယ် ချစ်တယ်ပြောပြီး တန်ဖိုးထားမှုတွေ မဲ့ကြတဲ့ လူတွေထဲမှာ မင်းမပါစေနဲ့ပေါ့ကွာ"

_လရောင် ✨

#Moon
#Love_quote
01/29/2025, 07:37
t.me/channel_by_moon161/455
CH
Moon 's Oasis♡︎
1 358 subscribers
Repost
163
01/29/2025, 04:37
t.me/channel_by_moon161/454
Search results are limited to 100 messages.
Some features are available to premium users only.
You need to buy subscription to use them.
Filter
Message type
Similar message chronology:
Newest first
Similar messages not found
Messages
Find similar avatars
Channels 0
High
Title
Subscribers
No results match your search criteria