EU မှ မြန်မာအတွက် ကယ်ဆယ်ရေးပစ္စည်း (၇၀,၀၀၀) ကျော်ပို့ဆောင်ခဲ့
ဥရောပသမဂ္ဂ EU မှမြန်မာအတွက် ကယ်ဆယ်ရေးပစ္စည်း (၇၀,၀၀၀) ကျော်ပို့ဆောင်ခဲ့ပြီး ဘူလ်ဂေးရီးယားနှင့် ဆွီဒင်ထပ်ပို့မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂမြန်မာ၏ ထုတ်ပြန်ချက်အရသိရသည်။
EU အနေဖြင့် ဧပြီလ (၁၈)ရက်၊ (၁၉)ရက် နှင့် (၂၂) ရက်တို့တွင် တန်ချိန် (၉၀) ကျော်ရှိသည့် အသက်ကယ် ကယ်ဆယ်ရေးပစ္စည်း (၇၀,၀၀၀) ကျော်ကို လေယာဉ် (၃)စင်းဖြင့် ထောက်ပံ့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများကို IOM နှင့် ၎င်း၏ ဒေသခံ မိတ်ဘက်အဖွဲ့များမှ အကူအညီ အလိုအပ်ဆုံးသော လူ့အဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပေးပို့မှုသည် ဖင်လန်၊ လူဇင်ဘတ်နှင့် IOM ၏ ကမ္ဘာလုံးဆိုင်ရာ သိုလှောင်ဂိုဒေါင်မှ ထောက်ပံ့မှုများဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်များအတွင်း ဘူလ်ဂေးရီးယားနှင့် ဆွီဒင်နိုင်ငံများမှ ထောက်ပံ့မှုပစ္စည်းများနှင့် နောက်ထပ် လေယာဉ်ပို့ဆောင်မှုများကိုလည်း စီစဉ်ထားကြောင်း သိရသည်။